လူမျိုး
ကချင်လူမျိုးစုတွေထဲက တစ်မျိုးဖြစ်သည်။ ကချင်လူမျိုးစုတွေကတော့ ဂျိန်းဖော့၊ ရဝမ်၊ ဇိုင်ဝါး၊ လချိဒ်၊ လီဆူ နှင့် လော်ဝေါ် ဟူ၍ရှိနေခဲ့ရာ မှ ယခုအခါ နုန်မျိုးနွယ်စု ထပ်တိုးလာခြင်းဖြင့် စုစုပေါင်း ကချင်မျိုးနွယ်စု ခုနှစ်စု ရှိပါသည်။ လော်ဝေါ်များသည် ဖော်ရွေသော လူမှူဆက်ဆံရေး ရှိခြင်း၊ ရိုင်းပင်းကူညီမှု တွင်လက်မနှေးခြင်း စသဖြင့်မိမိတို.ရောက်ရှိရာအရပ်မှလူမျိုးတကာတို.နှင့်ကောင်းမွန်စွာဆက်ဆံ
နေထိုင်တတ်သောလူမျိုးဖြစ်သည်။
စာပေ
လော်ဝေါ်စာပေ ကို ၁၉၇၄ ခုနှစ်တွင် အစိုးရမှတရားဝင် စာပေအဖြစ် မှတ်ပုံတင်ပေးပြီး ဖြစ်သည်။
၁၉၉၉ ခုနှစ်တွင်လော်ဝေါ်စာပေ (၂၅)နှစ်မြောက် ဇမ်ဂေါပွဲကြီးကို အောင်မြင်စွာကျင်းပနှိုင်ခဲ့ ပြီးဖြစ်သည်။
လော်ဝေါ်စာပေရှင်သန် တိုးတက်ရေး နှင့် လော်ဝေါ်ယဉ်ကျေးမှူ ဖွံဖြိုးရေး ကို လော်ဝေါ်စာပေနှင့်ယဉ်ကျေးမှု ကော်မတီကတာဝန်ယူဆောင်ရွက်လျက်ရှိသည်။
သက်ဝင်ယုံကြည်မှုနှင့်အသင်းတော်
လော်ဝေါ်များသည် မိရိုးဖလာနတ်ကိုးကွယ်ခဲ့ကြရာမှ ၁၉၀၀ နောင်းပိုင်း ခရစ်ယာန်သာသနာကို နောင်တော်ဂျိန်းဖော့တို.ထံ မှတဆင့်လက်ခံရ ရှိခဲ့ကြရာမှ ခရစ်ယာန် ဘာသာဝင်များ ဖြစ်လာခဲ့ကြသည်။ ယခုအခါလော်ဝေါ်နှစ်ခြင်းခရစ်ယာန်အသင်းတော်များ ကို
လော်ဝေါ်အများစုနေထိုင်ရာနေရာများ၌တွေ.ရှိရပါသည်။ လော်ဝေါ်ဓမ္မကျမ်းစာကျောင်းကို မြစ်ကြီးနားမြို.မြောက်ဘက် ရွေုစက်ရပ်ကွက် တွင်တည်ရှိပါသည်။ လော်ဝေါ်ခရစ်ယာန်အသင်းချုပ်ရုံးမှာ ဝိုင်းမော်မြို.တွင်တည်ရှိပါသည်။ ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ ဝိုင်းမော်၊ မြစ်ကြီးနား၊ မိုးမိတ် နှင့် ကွန်လုံ်ဇုံနယ် ဟူ၍ အသင်းတော်ဇုံနယ်စုစုပေါင်းခြောက်နယ်ရှိနေပြီဖြစ်သည်။ လော်ဝေါ်များနေထိုင်ရာဒေသများမှာ ကချင်ပြည်နယ်မြောက်ပိုင်း မေခ မလိခမြစ် ကြားနှင့် အရှေ.ဘက်ခြမ်း ၊ရှမ်းပြည်နယ်မြောက်ပိုင်း နှင့်အရှေ.ဘက်နှင့် ရန်ကုန် ၊ မန္တလေးတို.တွင်နေထိုင်ကြပါသည်။
No comments:
Post a Comment